တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ်(၁၅) ကြိမ် မြောက်စုပေါင်းကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် သာသနိကအဆောက်အအုံများပြုပြင်မွမ်းမံမှုနှင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းဝင်းအတွင်းရှိ သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံ ပြီးစီးမှုနှင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်ကို မိုးပျံပူဖောင်းများနှင့် မီးပုံးပျံများ လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်ကို မြိတ်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေကော်မတီမှကြီးမှူး၍ ယမန်နေ့ ည‌နေ(၅)နာရီခွဲက ကမ်းနားလမ်းတွင် ရောင်စုံမီးအလှများဖြင့် မိုးပျံပူဖောင်းများနှင့် မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနားနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်မှု အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ ရာမည ဖွံ့ဖြိုးတိုးတက်ရေးဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သဝါယမအသင်းလီမိတက်၏ အအေးခန်းစက်ရုံ၊ ပစ္စည်း သိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ မော်လမြိုင်-မုဒုံ ကားလမ်းမကြီးဘေး စီမံကိန်းမြေနေရာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ စီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အအေးခန်းစက်ရုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တပ်နယ်/တပ်ရင်းမိသားစုများ၊ အလှူရှင်များ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပသည်။

ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက်အလှည့်ကျ ပွဲတော်ကျင်းပရေးကော်မတီ၏ (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်လှူဒါန်းရေစက်ချ အခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မြို့မနောင်ကွတ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သောပင်လုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ကထိန်ခင်းပင့်ကျောင်း(၁၀)ကျောင်းနှင့် အရံပင့်ကျောင်း(၇)ကျောင်းအားကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည့် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတွင် ကျင်းပသည်။

နန်းယွန်းမြို့တွင် အသက်‌မွေးဝမ်း‌ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “ဆိုင်ကယ်ပြုပြင်နည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ကျင်းပခဲ့သည်။

မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာ ဗောဓိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော် ပညာဓိကတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to