နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် မိတ်ဆုံစားပွဲ တက်ရောက်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လာရောက်ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီအဖွဲဝင်များဖြစ်ကြသော ဦးမြင့်စိုးနှင့် ဦးမင်းဦးတို့က ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကရသူရိမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့၌ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ခွေးရူးရောဂါဖြစ်ပွားမှုကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမဖြစ်‌ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို‌ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ် ဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက်၊ သုဇနကာရီသီလရှင်စာသင်တိုက်အတွင်း တည်ထောင်ထားသည့် ကျုံပျော်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့‌ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် အရည်အသွေးကောင်းမွန်သော စားသုံးဆီများထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ပြည်တွင်းဆီစက်များအဆင့်မြင့်တင်ခြင်းနှင့် ခေတ်မီ ဆီစက်များ အသစ်တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရက်ကွက်ရှိ မြတ်သုခ ဆီစက်လုပ်ငန်းမှ ချေးငွေရယူထားလျက်ရှိပြီး ဆီစက်လုပ်ငန်းအမှန်တကယ် လုပ်ငန်းလည်ပတ် ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to