မိုးနဲမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးထောင်လျက်ရှိ

မိုးနဲ မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့် စိုက်ပျိုးရာသီတွင် ကော်ဖီသီးနှံ တိုးချဲစိုက်ပျိုးနိုင်ရေးအတွက် ဌာနပျိုးဥယျာဉ်၌ ကော်ဖီပျိုးပင်များ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ တိုးတက်လာစေပြီး ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ နှစ်ရှည်သီးနှံပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် ဧရိယာတိုးတက်ကာ မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ပျိုးထောင် စိုက်ပျိုးလျက်ရှိပြီး ယခုလက်ရှိတွင် ၅ ဧက စာခန့်ပျိုးထောင်ထားရှိကာ ဆက်လက်၍ ပျိုးအိတ်များဖြင့် ပျိုးထောင်သွားမည်ဖြစ်ပြီး အပင်ပေါက်များ ရရှိပါက လာမည့် စိုက်ပျိုးရာသီတွင် တောင်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)