ရန်ကင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကင်း မတ်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က လာမည့်နှစ်သစ်ကူး အတာသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်မည်ဖြစ်၍ မြို့နယ်များမှ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရိုင်အတွင်း ပူးပေါင်းမဏ္ဍပ်များပြုလုပ်မည်ဖြစ်၍ တာ၀န်ကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားကန်တော့ခြင်းများကိုလည်း အသက်အရွယ်ကန့်သတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမြန်ဆုံးစာရင်းကောက်ယူကြရန်၊ ဆောင်ရွက်ကြရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ငါးလွှတ်ပွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်​​ရေးမှူးများအ​​​နေဖြင့် ရပ်ကွက်အလိုက် အိမ်ခြေ/အိမ်ထောင်စုစာရထား ပြန်လည်ကောက်ယူထားရှိရန်၊ရုံးဖွင့်ချိန်ကန့်သတ်ထားရှိခြင်းကြောင့် သတ်မှတ်ရက်များအတိုင်း စနစ်တကျရုံးတက်ကြရန်၊ ဌာနဆိုင်ရာရုံးများ ဥပတိရုပ်ကောင်းမွန်စွာဆောင်ရွက်ထားရှိရန်စသဖြင့် ဌာနအလိုက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုမှာကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ဆောင်ရွက်နေကြသည့်လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရဲလေး(ပြန်ဆက်)