ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နာမ်ရွှေစေတီတော်နှင့် ပြည်နယ်အားကစားကွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင်ကျင်းပမည့် ဗဟိုအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား နှုတ်ဆက်အားပေး

၂၀၂၅ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် ဗဟိုအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ထုတ်ပြန်ကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ မိုင်းလုံးနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှိခိုင်းကျောင်းနှင့် ခန်းမဆောင် ဆက်ကပ်အပ်နှံဝတ်ပြု ဆုတောင်းခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်မြို့၊ မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားရှိခိုးကျောင်းနှင့် ခန်းမဆောင်ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ ဆက်ကပ်အပ်နှံ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကို ယနေ့နံနက်က မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သိက္ခာ တော်ရဆရာတော်ကြီးများ၊ အသင်းသူ၊ အသင်းသားများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းများကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်း ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၁၆ ခုနှစ်ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ၂၀၂၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်၊ နေ့ခင်း ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းပုဂံဒေသရှိငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းကြီးကြပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၃၀ ရက် နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to