ကော့သောင်းမြို့၌ မွေးကင်းစမှအသက်(၅)နှစ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  မွေးကင်းစမှ အသက်(၅)နှစ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို အပတ်စဉ်ကြာသပတေးနေ့တိုင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်မီးသတ်ဦးဌာနတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ ရာသီဥတု‌ပြောင်းလဲမှု‌လျော့နည်း‌စေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့၌  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ာ့ချရေး၊ ရာသီဥတု‌ပြောင်းလဲမှု‌လျော့နည်း‌စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု၊ ပန်အူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် ဇောတိရှမ်း စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီ (၂၉) ရက် မွန်းလွဲ (၂) နာရီက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

လက်ပံတန်း၌ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းရှင်များအား  အသိပညာပေးသင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနက ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးသွင်အားစုလုပ်ငန်းရှင်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များ အသိပညာပေးသင်တန်းဖွင့်ပွဲကို  လက်ပံတန်းမြို့နယ်​ဒေသသု​တေသနဗဟိုဌာန အစည်းအ​ဝေးခန်းမ၌ ယမန်နေ့ မွန်လွဲ ၁နာရီက ကျင်းပခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) သို့တက်ရောက်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ဟားခါးမှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ  တက်ရောက်ကြသည်။

မိတ္ထီလာမြို့နယ်၌ ကျောင်းသားလူငယ်များ မိမိဝါသနာပါသော အားကစားနည်းများကို စနစ်တကျလေ့ကျင့်လိုက်စားနိုင်ရန် နွေရာသီအခြေခံအားကစားနည်း ၉ မျိုး ဖွင့်လှစ်သင်ကြားသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျောင်းသားလူငယ်များ မိမိဝါသနာပါသော အားကစားနည်းများကို စနစ်တကျလေ့ကျင့်လိုက်စားနိုင်ရန် နွေရာသီအခြေခံအားကစားနည်း ၉ မျိုး ဖွင့်လှစ်သင်ကြားသွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်၌ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နတ်တလင်းခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် အဖွဲ့ဝင်များသည်ပေါင်းတည်မြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများအား ဇန်နဝါရီ ၂၉ ရက်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to