မြို့သစ်မြို့နယ်ရှိ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှရေကျော်ကျခြင်းမရှိ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်ရေ လှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။