၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် မြန်အောင် မကျီးစုတာ၊ လွန်ဆေးမြိုင်ပန်းခြံနှင့် ရွှေကျင်ဘုရားလှကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်
၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီးနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေး ရွာတို့တွင် မြစ်ကမ်းထိန်းလုပ်ငန်းများကို ဇန်နဝါရီလမှစ၍ ဆောင်ရွက်သွားမည့် ဖြစ်ကြောင်းသိရသည်။