မိုးနဲမြို့တွင် အီးအမ်(EM)ဘိုကာရှီ မြေဆွေးပြုလုပ်နည်း တောင်သူပညာပေးသရုပ်ပြဆောင်ရွက်

မိုးနဲ   ဇန်နဝါရီ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ အီးအမ်(EM) ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းတောင်သူ ပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာနေတောင်သူ စိုင်းလမ်၏ခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက အီးအမ်(EM)ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းအဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားကာ ဝန်ထမ်းများနှင့်အတူ အီးအမ် (EM) ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ပြီးတောင်သူနည်းပညာ‌‌ပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အီးအမ်(EM)ဘိုကာရှီမြေဆွေးအသုံးပြုခြင်းကြောင့် သီးနှံအထွက်ကို သိသိသာသာ တိုးလာစေရန် စွမ်းဆောင်နိုင်ခြင်း၊ မြေဆီသြဇာတက်စေပြီး အာဟာရနှင့်ရေကို ပိုမိုထိန်းသိမ်းလာနိုင်ခြင်း၊ အဏုဇီဝပိုးများပွားများလာပြီး မြေတွင်းအာဟာရ ဓာတ်များ အပင်မှ ပိုမိုရရှိလာနိုင်ခြင်း၊ မြေအောက်ရေအပါအဝင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊ လယ်ယာစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ပြီး ဖန်လုံအိမ်အာနိသင် မဖြစ်ပေါ်စေရန် စ်ဖက်တစ်လမ်းမှ အကူအညီပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)