မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၆၅)နှစ်အထက် ရဟန်းသံဃာ များ၊ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် ၊အားကစားခန်းမသစ်၌ ယနေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးစာရင်းများ ကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံ နိုင်ရေးစာရင်းများကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စုများတွင် ရှေ့တန်းနယ်မြေအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးထိုးနှံရေး အဖွဲ့ (၆) ဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာ အုပ်စုများတွင် ရှေ့တန်းနယ်မြေအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ထိုးနှံရေး အဖွဲ့ (၆) ဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦ တည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များ စုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော်လှူဒါန်း

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံသုံးပစ္စည်းများအပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် ယင်းမာပင် လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် ဖယ်ရှားရှင်းလင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်ကြံ့တိုင်းကျေးရွာအနီး ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် လုံးပတ်(၁၂)ပေ၊ အရှည်(၆၀)ပေခန့်ရှိ ယင်းမာပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်းကို ပရဟိတ လူနာတင်ယာဉ်တစ်စီးမှ ယာဉ်မောင်း၏ သတင်းပေးချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်(၈)ဦးတို့သည် (3J/ 3772) နီဆန်း အုပ်ချုပ်မှုယာဉ်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၈)နာရီခွဲအချိန်တွင် ရှင်းလင်းပြီးစီး၍မော်တော်ယာဉ်များ ပုံမှန်သွားလာဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး(၁၁၀၀)လုံးနှင့်အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများထပ်မံဝင်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင်(၅၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၃၅၀)လုံးနှင့်တစ်လုံးလျှင်အောက်ဆီဂျင်(၄၀) လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၇၅၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၀၃၉၂)ဖာ၊ (Oxygen Plant) စက်ကြီး(၂)လုံး၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၀၀လုံး)၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါရှာဖွေရေးကိရိယာ(၁၀)ဖာ၊ အောက်ဆီဂျင်အိုး နပ်(စ်)(၁)အိတ်၊ ဖိနပ်အစွပ်(၆၈)ဖာတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိရေဘေးသင့်ပြည်သူများသို့ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

သံတွဲမြို့နယ်၌ ဇူလိုင်လ (၂၆) ရက်နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဇူလိုင်လ(၂၉) ရက်နေ့နံနက်(၁၁)နာရီအချိန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ရောက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လားရှိုးမြို့သို့ရောက်ရှိလာရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများကလက်ခံရယူခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ သို့ပို့ဆောင်ပေးခဲ့သည်။
Subscribe to