ဖားကန့်မြို့နယ်မှ Cash for Work၊ VRFP နှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေး

ဖားကန့် ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု(CERP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  Cash for Work နှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်းကျေးရွာများအပြင် မြစိမ်းရောင် စီမံကိန်းကျေးရွာများ၌  ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာမှု ရှိ/မရှိကို ဖားကန့်မြို့နယ်စာရင်းစစ်မှူး ဦးဖီးလီမွန်နှင့်အဖွဲ့က ဇန်နဝါရီ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  Cash for Work စီမံကိန်းကျေးရွာ(၈)ရွာ၊ VRFP စီမံကိန်းကျေးရွာ(၈)ရွာတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အနက် Cash for Work စီမံကိန်းကျေးရွာများဖြစ်သည့် ရှဒူဇွပ်ကျေးရွာ၊ နန့်ယားကျေးရွာ၊ မနော့ကျေးရွာ၊ နမ္မဖြစ်ကျေးရွာ၊ ငြိမ်းချမ်းသာယာကျေးရွာနှင့် သာယာကုန်းကျေးရွာတို့အားလည်းကောင်း၊ VRFP စီမံကိန်းကျေးရွာများဖြစ်သည့် ဆိုင်းဂျာကျေးရွာနှင့် ခွမ်ဆိုင်ဇွပ်ကျေးရွာတို့အားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာများဖြစ်သည့် ကံဆီး ကျေးရွာ၊ ဘော်ဆာဒီးကျေးရွာနှင့် နန့်စန်း(၁) ကျေးရွာများ၌  စာရင်းစစ်မှူးနှင့်အဖွဲ့က စီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ငွေစာရင်းပုံစံဖြည့်သွင်းထားရှိမှုတို့အား စစ်ဆေးခဲ့ ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)