မြန်အောင် ဇန်နဝါရီ ၂၂
၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီးနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေး ရွာတို့တွင် မြစ်ကမ်းထိန်းလုပ်ငန်းများကို ဇန်နဝါရီလမှစ၍ ဆောင်ရွက်သွားမည့် ဖြစ်ကြောင်းသိရသည်။
မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ယမန်နေ့က တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့က မြို့နယ်လုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော် မတီအဖွဲ့နှင့် ဒေသခံပြည်သူများအား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရှိရသည်။
မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်အောင် မကျီးစုတာ မြစ်ကမ်းထိန်းလုပ်ငန်းကို Geotextile ကပ်နံရံ အလျား (၄၀၀) ပေ၊ ရေထဲပိုင်း Geo-Bag ချခြင်းလုပ်ငန်း အလျား (၂၀၀) ပေနှင့် တည်ဆောက်ပြီး ကျောက်ပြားကပ်တမံရှေ့ ရေထဲပိုင်း Geo-Bag ချခြင်းလုပ်ငန်း အလျား (၅၈၀) ပေ လုပ်ငန်းများကို ဆုဖြိုးရဲ ကုမ္ပဏီက ကျပ် (၁၉၃.၂၀) သန်းဖြင့် တင်ဒါအောင်မြင် ခဲ့ကြောင်း၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်းကို Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo-Bag ချခြင်း အလျား (၃၂၀) ပေတည်ဆောက်ခြင်း လုပ်ငန်းကို မြတ်ဘုန်းယံ ကုမ္ပဏီက ကျပ် (၁၉၃.၂၀) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်းနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းကို Porcupine ချထားခြင်းလုပ်ငန်း (၁၉၀၀) ခုကို ဆုဖြိုးရဲ ကုမ္ပဏီက ကျပ် (၁၉၄. ၂၀) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ယခုဇန်နဝါရီလ မှစ၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)