လောင်းလုံးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွှဲ (၂)နာရီက လောင်းလုံး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။