ခေါဇာ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက် (၁) အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/-) နှုန်းဖြင့် သုံးလစာငွေကျပ် (၃၀၀၀ဝိ/-) တိတိကို ခေါဇာမြို့ ရပ်ကွက်(၁) အတွင်းရှိ သက်ကြီးဘိုးဘွား (၁၆) ဦးအား ရပ်ကွက် (၁) အုပ်ချုပ် ရေးမှူး ဦးနိုင်စိုးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)