မြို့ရွာဖွံဖြိုးရေး ဦးစီးဌာန(လွိုင်ကော်)စခန်းသာယာရေး ကော်မတီမှ တိုက်ခန်း(၃ဝဝ) အတွက် အခြခံစား သောက်ကုန်သုံးမျိုးနှင့် ရွှေလွိုင်ကော် ပရဟိတအသင်းအတွက် ငွေကျပ် (၅)သိန်း ပေးအပ်လှူဒါန်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ မြို့ရွာနှင့် ဖွံဖြိုးရေး ဦးစီးဌာန၊ စခန်းသာယာရေး ကော်မတီမှ ယနေ့နံနက် ၁၁ နာရီအချိန်က အဝေရာ ဓမ္မာရုံတွင် ရွှေလွိုင်ကော် ပရဟိတအသင်းအား ငွေကျပ်(၅)သိန်းနှင့် မြို့ရွာအိုးအိမ် အခန်းပေါင်း (၃၀၀) အတွက်ကြက်ဥ အလုံးသုံးထောင်၊ ကြက်သွန်အချိန် (၁၇၀)နှင့် ကုလားပဲအချိန်(၆၀)ကို အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ (၅) ဆယ်သား ကုလားပဲ ၂၅ ကျပ်သား တို့အား ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။