ပလောက် ဩဂုတ်လ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လှဲ၍ ပြိုကျခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီခွဲက မြို့အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပုလောမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းသိန်းနှင့် အဖွဲ့တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာတွင် ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ဇူလိုင်လ (၂၅) ရက်နေ့က မိုးသည်း ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ဖိ၍ ပျက်စီးသွား သောကြောင့် Family Kit (၁)စုံ၊ Hygiene Kit (၁)စုံ၊ Diginity Kit (၁)စုံ၊ Clean Delivery (၁)စုံနှင့် သောက်ရေပုံး(၁)ပုံး တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်