ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာ စတင်ဖွင့်လှစ်ပြီး အလှူငွေ ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ရှိ သဇင်ဆောင်တွင် ကျင်းပသော ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး လူနာများ စတင်လက်ခံရန် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရေဦးမြို့နယ်သူ၊ မြို့နယ်သားများစုပေါင်း၍ ဆေးရုံနှင့်လူမှုကူညီရေးအသင်းများသို့ ကျန်းမာ ရေးသုံးပစ္စည်း အခြေခံစားသောက်ကုန်များ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး   ရွှေဘိုခရိုင်၊ ရေဦးမြို့တွင်   ယမန်နေ့ရက် နံနက်ပိုင်းက  ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။

ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့ပေါ်ရှိစုရပ်များနှင့် ကျေးလက် ကျန်းမာရေးဌာန စုရပ်များတွင် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စီမံအုပ်အုပ်ချုပ်ရေး အဖွဲရုံးခန်းမစုရပ်တွင် ယမန်နေနံနက် ၉ နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာန(၃)ခုတွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။

ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (SinoPharm) များဆက်လက် ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (SinoPharm)ကို  ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစားခန်းမနှင့် ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)ရုံးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

ဝေါမြို့နယ်တွင် Oxygen Concentrator အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဝေါမြို့နယ် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ညောင်ခါးရှည်တိုက်နယ်ဆေးရုံအတွက် အလှူရှင်များမှ Oxygen Concentrator နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက် အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ဟားခါးမြို့ရှိ (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦး ကို စုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်

ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၅၄၅)ဦးကို စုရပ်နေရာ (၄)နေရာခွဲ၍ ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများ အတွက် စားသောက်ကုန်များထောက်ပံ့ပေးအပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်တာဝန် ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့်မိသားစုများ အားစားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ(၁)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ တွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။

သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူ ၃၃၀၈ ဦးရှိ၊ ညောင်ရမ်းတိုက်နယ်ကျေးရွာများ၌ဆက်လက်ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံ ပြီးသူ ၃၃၀၈ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့ နံနက်ပိုင်းက  ညောင်ရမ်းတိုက်နယ်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌  ကာကွယ်ဆေး   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိဘမဲ့ဂေဟာများအတွက် စားသောက်ကုန် များထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၉)အတွင်းရှိ ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ်မိဘမဲ့ဂေဟာနှင့် တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာ မိဘမဲ့ဂေဟာသို့ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်၍ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
Subscribe to