ကျိုက်ဒုံ ဩဂုတ် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ဩဂုတ်လ ၇ ရက် နံနက်၈ နာရီက ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်မှုများဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့အတွင်းနေထိုင်သူများ အနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ် မနေဈေးဝယ် ထွက်ရန် တစ်အိမ်လျှင် (၁)ဦးသာ သွားရောက်ရန် ၊ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရန်ရှိပါက တစ် အိမ်လျှင်(၂)ဦးသာ သွားရောက်ရန်၊ နေအိမ်မှပြင်ပသို့သွားလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်သွားကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များ၊ တားမြစ်ချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် စသည့်စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်