ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုး ( ၁၅ ) ဦး တွေ့ရှိ

ဟိုင်းကြီးကျွန်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ဟိုင်းကြီး၊ ပြင်ခရိုင်၊ ကျုံကူးတိုက်နယ်ဆေးရုံ များတွင် ဖျားနာ၍ အနံ့ မရရှိသူများအား ယနေ့ န့နက်တွင် RDT ဖြင့် စစ်ဆေးခဲ့ရာ စုစုပေါင်း ၁၅  ဦး  ကိုဗစ် ၁၉ ရောဂါ ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာ ဟိုင်ကြီးတိုက်နယ်ဆေးရုံတွင်  အမှတ်(၁) ရပ်ကွက်မှ ကျား (၂)ဦး၊ပြင်ခရိုင်တိုက်နယ်ဆေးရုံ တွင် ပြင်ခရိုင်၊ချောင်းဝကျေးရွာမှ ကျား (၂) မ (၆) ဦး၊ကျုံကူးတိုက်နယ်ဆေးရုံတွင် ကျုံးကူး၊ပိုးလောင်း ကျေးရွာ များမှ ကျား (၂) ဦး၊ မ (၃) ဦး စုစုပေါင်း (၁၀) ဦး ကိုဗစ် ၁၉ ရောဂါ ပိုး တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သိုပါ၍ ဟိုင်းကြီးကျွန်းမြို့အတွင်း ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၃၅၈) ဦး ရှိပြီး၊ ဆေးရုံဆင်းသူ (၂၂၇) ဦး၊ ကုသဆဲ (၁၀၆) ဦး၊ သေဆုံးသူ (၂၅) ဦး ရှိကြောင်း ဟိုင်းကြီးကျွန်းမြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)