ဒီပဲယင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့ဆက်လက်ထိုးနှံပေး

ဒီပဲယင်း ဩဂုတ် ၇ 

စစ်ကိုင်းတိုင်း‌‌ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့အခြေခံပညာအထက် တန်းကျောင်း ရွှေဝါမြေခန်းမတွင် ဩဂုတ် ၇ရက်နံနက် ၈ နာရီမှ နေလည် ၁ နာရီထိ တတိယနေ့ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

ဒီပဲယင်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးမည့်သူများမှာအသက်(၆၅)နှစ် အထက်မိဘပြည်သူများ ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသည့်ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများကာကွယ်ဆေးမထိုးရသေးသည့်စေတနာ့ဝန်ထမ်း ( Volunteer)များ ၊ သာသနာ့ဝန်ထမ်းဘုန်းတော်ကြီးများ ၊ သီလရှင်များ ၊ ကာကွယ်ဆေးမထိုးနှံရသေးသော ဝန်ထမ်းများ နှင့် ရပ်ကွက်/ကျေးရွာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာဩဂုတ်လ(၃)ရက်နေ့တွင် ၆၄၆ဦး၊ဩဂုတ်လ(၄)ရက်နေ့တွင် ၆၅၄ဦး၊ဩဂုတ်လ(၇)ရက်နေ့တွင်၂၇၀ဦး စုစုပေါင်း ၁၅၇၀ ဦးထိုးနှံ ပေးပြီးဖြစ်ေကြာင်း၊မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးခဲ့သော ၁၅၇၀ ဦးအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်း တာခြင်း ၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာခြင်း စသည်တို့ကို ဆောင်ရွက်ပြီးမှ ကိုဗစ်-၁၉ ကာကွယ် ဆေးကို စနစ်တကျ ထိုးနှံ ပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်