ငါးသိုင်းချောင်း၊ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးစုရပ်ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက်(၈) နာရီခွဲအချိန်၌ ပထမအကြိမ်ကာကွယ်ဆေးထိုးရက်(၅)ရက်မြောက်နေ့အဖြစ်ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရှိ ဈေးများမှဈေးရောင်းချသူများ/မြို့တွင်းရှိဈေးဆိုင်များမှဈေးရောင်းချသူများကိုပါ ဦးစားပေးအဆင့်အလိုက်ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊အထကကျောင်း ကာကွယ်ဆေးထိုးစုရပ်၌ ဇူလိုင်လ (၃၀)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ ပထမအကြိမ်ကာကွာဆေးထိုးရက်(၄)ရက်အတွင်း မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွားများ၊ သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်ကိုဗစ်-၁၉စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ အစရှိသည့်ဦးစားပေးအဆင့်အလိုက်လူဦးရေ(၁၁၆၄)ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်းသက်ဆိုင်ရာမှသိရှိရသည်။
ဆက်လက်၍ ပထမအကြိမ်ကာကွယ်ဆေးထိုးရက်(၅)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ဩဂုတ်လ(၇)ရက်နေ့ မွန်းလွဲပိုင်း အထိ ဖော်ပြပါဦးစားပေးအဆင့်အလိုက် လူဦးရေ(၂၀၀)ဝန်းကျင် ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ရာ ယနေ့အတွက် လူဦးရေ(၄၀၀)ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာမှသိရှိရသည်။
အဆိုပါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီးပထမအကြိမ်ကာကွယ်ဆေးထိုးပြီး(၂၈)ရက်အကြာတွင် ဒုတိယ အကြိမ် ဆက်လက်ထိုးနှံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်အတွက် ကာကွယ်ဆေးထိုးစုရပ်နှင့် ထိုးနှံရမည့် အချိန်၊နေ့ရက်များကို သက်ဆိုင်ရာမြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ကျန်းမာရေး ဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်အသိပေးကြေညာပေးသွားရန်စီစဉ်ထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)