လဟယ် ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် လဟယ်မြို့ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့အတွက် ဆန်၊ဆီ၊ပဲထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန် အဆိုပါကျောင်းများတွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုတွင် ဘုန်းတော်ကြီး ကျောင်းအတွက် ဆန်(၂၁)အိတ်၊ ဆီ(၃၁.၇၅)ပိဿာနှင့် ပဲ(၆၄)ပိဿာ၊ သီလရှင်ကျောင်းအတွက် ဆန်(၁၀) အိတ်၊ ဆီ(၁၀.၅၀)ပိဿာနှင့် ပဲ(၂၁)ပိဿာတို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများကို နာဂဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ နာဂဒေသခေတ္တ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် မြို့နယ်သာသနာရေးဦးစီးမှူး ဦးလှဝင်းတို့ သွားရောက်လှူဒါန်းခဲ့ပြီး စုစုပေါင်းပစ္စည်းလှူဒါန်းထောက်ပံ့ပမာဏမှာ ငွေကျပ်(၁၇၂၇၃၇၅)ကျပ်ဖြစ်ကြောင်း သိရသည်။
ပါမင်းလိုင် (လဟယ်)