လွိုင်ကော် သြဂုတ် ၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ မြို့ရွာနှင့် ဖွံဖြိုးရေး ဦးစီးဌာန၊ စခန်းသာယာရေး ကော်မတီမှ ယနေ့နံနက် ၁၁ နာရီအချိန်က အဝေရာ ဓမ္မာရုံတွင် ရွှေလွိုင်ကော် ပရဟိတအသင်းအား ငွေကျပ်(၅)သိန်းနှင့် မြို့ရွာအိုးအိမ် အခန်းပေါင်း (၃၀၀) အတွက်ကြက်ဥ အလုံးသုံးထောင်၊ ကြက်သွန်အချိန် (၁၇၀)နှင့် ကုလားပဲအချိန်(၆၀)ကို အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ (၅) ဆယ်သား ကုလားပဲ ၂၅ ကျပ်သား တို့အား ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် စခန်းသာယာရေး ကော်မတီဥက္ကဌ ဦးမျိုးညွန့်၊ မြို့ရွာဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေလင်း၊ ဘဏ္ဍာရေးမှူး ဦးထွန်းထွန်းတို့မှ ရွှေလွိုင်ကော် ပရဟိတ အသင်းထံသို့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ စခန်းသာယာရေး ကော်မတီမှ မြို့ရွာအိုးအိမ် အခန်းပေါင်း(၃၀၀)အတွက် အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ (၅) ဆယ်သား ကုလားပဲ ၂၅ ကျပ်သား တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)