ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်

ဘုတ်ပြင်း   ဩဂုတ်   ၉     ရက်

          တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များ တွင် ယမန်နေ့ညက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်းသိရသည်။

          အဆိုပါ အသိပေးကြေငြာချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့်    နာတာရှည် ရောဂါဝေဒနာသည် များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသော အခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများ ရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာရောင်းချ သွားကြရန် ၊ မိမိနေအိမ်တွင်သာ  ဝယ်ယူ စားသောက် ခြင်းပြုကြရန် ၊ ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် အများစုသည် အဆုတ် ပျက်စီးမှုကြောင့်ဖြစ်ကြောင်း၊ အဆုတ်၊ နှလုံး၊ သွေးတိုးရောဂါရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ်များ သောက်သုံးခြင်းမပြုရန်နှင့် မိသားစုအတွင်းဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော်လည်း  ကာကွယ် ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအသိပေးနှိုးဆော် လျှက်ရှိကြောင်း သိရသည်။