မိတ္ထီလာ ဩဂုတ် ၂၃
မိတ္ထီလာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းအား ယနေ့ နံနက် ၉ နာရီအချိန်တွင် ထီးသုံးဆင့် ဘုရားဝန်းရှိ အောင်မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ ပေးတာဖြစ်ပါတယ်။ မြို့နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက် ရှိသူတွေနည်းတူ ကာကွယ်ဆေးထိုးဖို့ကျန်ရှိတဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးတာဖြစ်ပါတယ်။ အောင်မင်္ဂလာခန်းမှာ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၁၂၂ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးတာပါ ဟု မြို့နယ်ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
အလားတူ အောင်ဆန်းရပ်ကွက်ရှိ အ.ထ.က ၄ ကာကွယ်ဆေး ထိုးစုရပ်တွင် မိတ္ထီလာ တက္ကသိုလ်၊ စက်မှုလယ်ယာသင်တန်းကျောင်း၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၊ ကုန်လမ်းပို့ဆောင်ရေး၊ အကျဉ်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန(ထိန်းသိမ်းရေး)၊ ပညာရေး ကောလိပ်တို့မှ ဝန်ထမ်းစုစုပေါင်း ၂၆၆ ဦးကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးရာ မုန်တိုင်ကျေးရွာ အုပ်စုအတွင်းမှ အသက် ၆၅နှစ်နှင့်အထက်ရှိသူ ၂ဝဝ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးကြောင်း သိရသည်။
ချမ်းသာ