မအူပင်မြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူများအား (RS) ဆင်းသုခ မျိုးသန့်မျိုးစပါး မျိုးစေ့များပေးအပ်ပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် နယ်မြေတွင်းရှိ တောင်သူများ မျိုးသန့် မျိုးစေ့များ စိုက်ပျိုးနိုင်ရန်အတွက် (RS) ဆင်းသုခ မျိုးစပါးမျိုးစေ့ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါစခန်းတွင် ကျင်းပပြုလုပ်သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး လုပ်ငန်း ညှိနှိုင်းစည်းဝေး

မြစ်ကြီးနား မေ ၁၉ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံ အုပ်ချုပ်‌ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရ

မြဝတီမြို့ ဗိုလ်ချုပ်လမ်းမကြီးအား နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဓိကမိန်းလမ်းမကြီး နှစ်ခုဖြစ်သည့် ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီး နှစ်ခုတွင် နိုင်လွန်ကတ္တရာခင်းနိုင်ခြင်းမရှိသေးသည့် ဗိုလ်ချုပ်လမ်းမကြီးအား နိုင်လွန် ကတ္တရာခင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဆိုလာမီးနှင့် အားကစားပစ္စည်းများလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နမ့်စန်မြို့တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

မိုင်းငေါ့မြို့ စိုက်ပျိုး‌ရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် ၊ မိုးသီးနှံသွင်းအားစု ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် မိုးသီးနှံသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀ ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဒေါပုံ အခြေခံပညာကျောင်း ပေါင်း ၁၇ ကျောင်းတွင် မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက်  မြို့နယ်ပညာရေးဌာနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများ အားလုံးကို ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာငှား၊ စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ နေ့စဉ်စာငှားနေသည့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊အမှတ်(၇၀) ရပ်ကွက် ဗန္ဓုလလမ်းနှင့် ရွှေဗဟို (၂)လမ်း ထောင့်ရှိ အ.မ.က (၁၄) စာသင်ကျောင်းတွင် ယနေ့ နံနက် ၂ နာရီအချိန်က   မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး ၊ခမရ(၅၉၃)မှ အင်အား (၁၅)ဦး၊မြို့နယ်ရဲတပ်ဖွဲ့ဝင်အင်အား (၈)ဦး တို့ဖြင့် မီးငြိမ်း သတ်ခဲ့ရာ ၂ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။
Subscribe to