မြစ်ကြီးနား မေ ၁၉ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း Lot ၃၉ ခုရှိရာ ယခုဘဏ္ဍာနှစ်ကုန်ဆုံးတော့မည်ဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် ယခုနှစ်သည် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ကြပ်မတ်ဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင်အမှန် တကယ်ဆောင်ရွက်ပြီးစီးမှုအခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်းနှင့်လာမည့် ဘဏ္ဍာနှစ်တွင် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည့်အစီအမံများကို ထည့်သွင်းဆွေးနွေးတင်ပြ စေလိုကြောင်းမှာကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ Lot တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ တင်ပြချက်များအပေါ် မြေပြင်တွင် စိစစ်တွေ့ ရှိမှုများနှင့် ပတ်သက်၍ တင်ဒါလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း ၃၉ ခုကို Lot တစ်ခုချင်းစီအလိုက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် မြေပြင်အခြေအနေတွင် စိစစ်တွေ့ရှိမှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ လုပ်ငန်းများကြပ်မတ်ဆောင်ရွက်ရသည့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များက တင်ဒါ စာချုပ်ပါအချက်များအပေါ် လုပ်ငန်းဆောင်ရွက်မှုများနှင့် မြေပြင်အခြေအနေတွင် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာ၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြ သည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုဘဏ္ဍာနှစ်အတွက် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ကျန်ရှိသည့် ကာလအတွင်း ခရိုင်အလိုက် တင်ဒါ လုပ်ငန်း အောင်မြင်ရေးစိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး မြေပြင်ပကထိအခြေအနေမှန်ကို စစ်ဆေး ဆောင်ရွက် သွားရေး၊ ကုမ္ပဏီများလုပ်ငန်းအပေါ် အလေးအနက်ထားဆောင်ရွက်နိုင်ရေးကို တွန်းအား ပေးကြပ်မတ်ဆောင်ရွက်ရေး၊ လာမည့်ဘတ်ဂျက်တွင် ပြည်နယ်အတွင်းရှိခရိုင်များအလိုက် တစ်ပြေး ညီ ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်သွားနိုင်ရေးတို့ကို ညှိနှိုင်း ပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ်ပြန်/ဆက်