မိုင်းငေါ့ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် မိုးသီးနှံသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀ ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းနားတွင် မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးဇေယျာမျိုးက ရွှေရင်အေး စပါးမျိုး၏ အရည်အသွေးများနှင့် မိုးသီးနှံအထွက်နှုန်း တိုးတက်စေရေး၊ စနစ်တကျစိုက်ပျိုး ထိန်းသိမ်းနည်း အကြောင်းများကို နည်းပညာပေး ဆွေးနွေးပေးခဲ့ရာ တတ်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး တောင်သူ(၂၅)ဦး တို့အားတစ်ဦးလျှင်(၁) ဧကနှုန်းဖြင့် ရွှေရင်အေးစပါးမျိုး (၂၅) ဧက၊ DE YOU-12 စပါးမျိုး (၁၈)ဧကအတွက် (၁၂၀) ကီလိုဂရမ်၊ Nay (25) ဖူးစားပြောင်းမျိုး (၂၀၀၀) ဂရမ် စုစုပေါင်းတန်ဖိုးငွေ ( ၆၅၅၀၀၀/- ) အား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်မှူးများနှင့် တောင်သူဦးကြီးများ စုစုပေါင်း (၂၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်သွယ်