မအူပင်၊ မေ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် နယ်မြေတွင်းရှိ တောင်သူများ မျိုးသန့် မျိုးစေ့များ စိုက်ပျိုးနိုင်ရန်အတွက် (RS) ဆင်းသုခ မျိုးစပါးမျိုးစေ့ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါစခန်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းဟန်၊ မြို့နယ်မျိုးစေ့တာဝန်ခံ ဒေါ်ခင်ခင်မျိုး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းတိုး နှင့် တာဝန်ရှိသူများက (RS) ဆင်းသုခမျိုးများအား စခန်းအပိုင်အတွင်းရှိ ကျေးရွာများရှိ တောင်သူများ လက်ဝယ်သို့ ထုတ်ပေးခဲ့ကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)