ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 

ဒဂုံတောင် မေ ၁၈

 ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊အမှတ်(၇၀) ရပ်ကွက် ဗန္ဓုလလမ်းနှင့် ရွှေဗဟို ()လမ်း ထောင့်ရှိ ..က (၁၄) စာသင်ကျောင်းတွင် ယနေ့ နံနက် ၂ နာရီအချိန်က   မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး ၊ခမရ(၅၉၃)မှ အင်အား (၁၅)ဦး၊မြို့နယ်ရဲတပ်ဖွဲ့ဝင်အင်အား ()ဦး တို့ဖြင့် မီးငြိမ်း သတ်ခဲ့ရာ ၂ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

 အဆိုပါ မီးလောင်မှုကြောင့် ..က (၁၄)စာသင်ကျောင်းမှ စာသင်ခန်း ()ခန်းရှိ  စာအုပ်အဟောင်းများနှင့် မျက်နှာကြက်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆောက်အဦ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ( ၉၀၀၀၀၀)ကျပ် ရှိကြောင်း  မီးသတ်ဦးစီးဌာနမှသိရှိရသည်။

 မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း နှင့် မီးလောင်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)