တောင်ကြီး မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နမ့်စန်မြို့တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစီုင်းလိတ် က ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားရရှိရေးအတွက် National Electrification Project(NEP) စီမံကိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KFW) အထောက်အပံ့နှင့် ၂၀၁၈ ခုနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်အထိ အိမ်ခြေပေါင်း(၂၃၀၀၀) ကို အိမ်သုံးဆိုလာ များ တပ်ဆင်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း တစ်အိမ်သုံးဆိုလာများကို အသုံးပြုမည် ပြည်သူများ အနေဖြင့် မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ အသုံးပြုတတ်ရန်နှင့်ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ပြည်သူ ထည့်ဝင်ငွေများထည့်ဝင်ရမှာဖြစ်ပြီး စီမံကိန်းတွင် တစ်အိမ်သုံးဆိုလာ(၆၀)ဝပ်တွင် (၅၀၀၀၀) ကျပ် ဖြစ်ပြီး (၁၀၀)ဝပ်တွင်ကျပ်(၁၅၀၀၀၀)ထည့်ဝင်သွားရမှာဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာရယူသည့် အိမ်ခြေမှာမူလ အိမ်ခြေ၏(၃၀)% ထက်ကျော်ပါက အများပိုင်ဖြစ်သည့် စာသင်ကျောင်း ၊ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦနှင့် လမ်းမီးတို့ကို စီမံကိန်းရန်ပုံငွေ မှထောက်ပံ့ ပေးမည့် အများသုံးဆိုလာ စနစ်ကို ရရှိမှာဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာရယူသည့် အိမ်ခြေသည်မူလအိမ်ခြေ၏ (၃၀)% ထက် မကျော်ပါက အများသုံးဆိုလာစနစ်ကိုရရှိမှာမဟုတ်ကြောင်း အသိပေးမှာကြားလိုကြောင်း ပြောကြား သွား သည်။
ဆက်လက်၍အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်မှ လိုအပ်သည်များမှာကြားပြီး ဆိုလာမီးများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းတင်ပြ၍ ဆိုလာမီးနှင့် အားကစားပစ္စည်းများကိုအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလိတ်တို့မှ ပေးအပ်ရာတာဝန်ရှိ သူများအသီးသီး ကလက်ခံရယူပြီးဒေသခံ တစဦး ဖြစ်သည့်လွိုင်လင်မြို့နယ်၊နမ့်တမိုအုပ်စုခိုက်မိုက်ဆော့ ကျေးရွာမီးလင်း ရေးကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)