ရေတာရှည် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ နေ့စဉ်စာငှားနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်ရှိ နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ် ထုတ်ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်းများ အပါအဝင် သုတ/ရသအမျိုးအစား စုံလင်သော စာအုပ် စာစောင် များအား မည်သူမဆို အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)