ရေကြည်မြို့နယ်တွင် သတင်းထုတ်ပြန်မှုများအား ပြည်သူများ သိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ရေကြည် ဇန်နဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အသံတိတ်သပိတ်နှင့် ပတ်သက်၍ ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယနေ့နံနက် ()နာရီအချိန်က ပိတောက်ချောင်လမ်းဆုံတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့်ပြည်သူလူထုအားကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန်ရည်ရွယ်ပြီးလှုံ့ဆော်ခြင်း ဝါဒဖြန့်ခြင်း ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံနှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့လှုံ့ဆော်မှု ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ ပြုလုပ်မှုဖြင့်ဖြစ်စေအများ ပြည်သူအနှောက်အယှက်ဖြစ်စေမှုများပြုလုပ်ပါကအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၂)က၊ရာဇသတ်ကြီးပုဒ်မ၁၂၄-ကနှင့်ပုဒ်မ၅၀၅-က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ၃၃(က) တည်ဆဲဥပဒေများအရအရေးယူခံရမည်ဖြစ်ကြောင်းအသိပေးနှိုးဆော်ခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   

မြို့နယ်