သာပေါင်း ဇန်နဝါရီ ၂၈
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ၂၇ ရက်နေ့ ညနေ၂ နာရီခွဲ က သာပေါင်းမြို့နယ်၊ Y.G.W အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း စာသင် ဆောင်ခန်းမ၌ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ပုသိမ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမောင်မောင်စိုးမှ သင်တန်းဆင်း အမှာစကားပြောကြားပြီးY.G.Wအဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း (သာပေါင်း) ဦးဆောင်ဆရာတော်နှင့်အတွင်းရေးမှူးတို့က ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက်ပုသိမ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဦးမောင်မောင်စိုး၊ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးထွဏ်းထွဏ်းဝင်း နှင့် တပ်ဖွဲ့အရာရှိများ က ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင် လက်မှတ် များကို သင်တန်းသား၊သင်တန်းသူ(၂၆) ဦးတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း