ရွှေကူ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် နွေစပါးနှင့်ဆောင်းစပါးသီးနှံများစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်၍ ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော ဓါတ်မြေသြဇာများကို ပြည်ပမှဈေးနှုန်းကြီးမြင့် စွာဖြင့် ဝယ်ယူတင်သွင်းရန် ခက်ခဲနေသည့်အချိန်တွင် ပြည်တွင်းဓါတ်မြေသြဇာစက်ရုံများက ထုတ်လုပ်သော ယူရီးယားဓါတ်မြေသြဇာများကို လက်ငင်းငွေချေစနစ်ဖြင့် ရွှေကူမြို့နယ်အတွင်း ရှိ နွေစပါးသီးနှံစိုက်ပျိုးသူတောင်သူများထံ နွေစပါးသီးနှံစိုက်မြေနှစ်ဧကလျှင် တစ်အိတ်နှုန်း ဖြင့်ရောင်းချပေးလျှက်ရှိပြီး ယူရီးယားဓါတ်မြေသြဇာတစ်အိတ်လျှင် ၃၈၀၀၀ ကျပ်နှုန်းဖြင့် ပထမအကြိမ်အဖြစ် ယူရီးယားဓါတ်မြေသြဇာ ၄၅၀ အိတ်ကို ဖြန့်ဖြူးရောင်းချပေးလျှက်ရှိရာ ဇန်နဝါရီ ၂၇ ရက်နေ့အထိ ၁၃၅ အိတ်ရောင်းချပေးပြီးကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ယူရီး ယားဓါတ်မြေသြဇာများကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် မိမိတို့၏ နွေစပါးစိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်သော ယူရီးယားမြေသြဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများထံ၌ လျှောက်လွှာများကိုအခမဲ့ရယူ၍ ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦး စီးမှူးရုံး၌ ဝယ်ယူနိုင်ပါကြောင်း ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်