ကျိုက္ကသာကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်း

ကျိုက်ထို ဇန်နဝါရီ ၂၈

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် ကျိုက္ကသာကျေးရွာ နယ်မြေ မီးသတ်တပ်ဖွဲ့စခန်း၌ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးတို့က ယခုသင်တန်းမှ ပို့ချပေးလိုက်သော မီးသတ်ပညာ ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား မိမိရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာ၌  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန်တို့ကို တိုက်တွန်းမှာကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မီးသတ် ဦးစီးဌာန ဒု-ဦးစီးမှူး  ဦးရဲညွန့်ထွေးနှင့် ကျိုက္ကသာကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ကျေးဇူးတင်စကားများ ပြန်လည်‌‌ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တာ၀န်ရှိသူများက ပေးအပ် ခဲ့ကြသည်။

ထို့နောက် သင်တန်းဆင်း အရန်မီးသတ်တပ်ဖွဲ့၀င်များမှ မီးသတ်ဆေးဘူးဖြင့် ရှေးဦးမီးငြိမ်းသတ်နည်း၊ မီးသတ်ယာဉ်()စီးဖြင့်လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို သရုပ်ပြ ဆောင်ရွက်ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)