ကျောက်ဆည်၊ ဇန်နဝါရီ-၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ယနေ့နံနက်(၉)နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော် (၄၃)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း(၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၈၁)ဦး၊ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံဝန်ထမ်း (၃၁၆)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ကိုင်သူ(၃၆)ဦး၊ ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ(၆)ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ထမ်း (၂)ဦး၊ အခြားဝင်ငွေရလုပ်ငန်း လုပ်ကိုင်သူ(၂၇၆၁)ဦး၊ ပြည်သူ(၁၂၆၂)ဦး၊ မသန်စွမ်းသူ (၁)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၇၇၈)ဦး စုစုပေါင်း(၅၂၉၁)ဦး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကွယ်ဆေးများ ထိုးနှံရာတွင် ပြည်သူများ အဆင်ပြေစေရေး ကျောက်ဆည်မြို့၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာကျေးလက်ကျန်းမာရေးဌာန ခွဲများတွင် ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)