ပြည်သူများ  နေ့စဉ်ပုံမှန်ဈေးရောင်းဈေး၀ယ်ပြုလုပ်နိုင်ရေး မိသားစု လှည့်လည်အသိပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်ပေးဝေခြင်းပြုလုပ်

ရေဦး ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်နှင့်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသခံပြည်သူများ နေ့စဉ်ပုံမှန်ဈေးရောင်းဈေး၀ယ်မှုပြုလုပ်သွားရေး လှည့်လည်အသိပေးကြေညာခြင်း၊ လက်ကမ်းစာ‌စောင်များ‌ပေးဝေခြင်းကို မြို့ပေါ်ရပ်ကွက်တွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် အသိပေးကြေညာချက်တွင် " အကြမ်းဖက် အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်‌အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်သာမက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြည်သူလူထုအကြောက်တရားများ ဖြစ်ပေါ်စေရေး ရည်ရွယ်၍ Silent Strike ပြုလုပ်ရန်၊ လက်ခုပ်တီးရန်၊ သံပုန်းတီးရန်၊ ကားဟွန်းတီးခြင်းစသည့် အသံထွက်သပိတ်ပြုလုပ်ကြရန်လုမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝါဒဖြန့်လှုံဆော်ခြင်း၊ ခြိမ်း‌ခြောက်ခြင်းများပြုလုပ်နေကြောင်း၊ အဆိုပါအကြမ်း ဖက်အုပ်စုနှင့် ဆက်နွှယ်‌နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ ဈေးဆိုင်များပိတ်ထားခြင်း၊ အသံဖြင့်ဖြစ်‌စေ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ  ထပ်ဆင့်မျှဝေလှုံဆော်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက် သွယ်ရေးဆိုင်ရာဥပဒေတို့အရ အရေးယူခံရနိုင်၍ မြို့နယ်တွင်းရှိ ကုန်ပစ္စည်းရောင်းချနေသော ဈေးဆိုင်များ ရောင်း၀ယ်ဖောက်ကား‌သူများအနေဖြင့် နေ့စဉ်‌ ဈေးဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချသွားကြရမည်  "  ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် လမ်းဘေးဝဲယာတစ်လျောက် ဈေးဆိုင်ရှင်များအား အသိပေးကြေညာချက်ဆိုင်ရာ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အများပြည်သူမြင်နိုင်သောနေရာများတွင် လက်ကမ်းစာစောင်ကပ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)