မိုးညို ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲက ဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ မဟာသုမင်္ဂလသီဟ ကြေးသွန်းဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက သင်တန်းသား/ သင်တန်းသူများအနေဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို တက်ရောက်သင်ကြားပြီး ဖြစ်သည့် အတွက် မိမိတို့ရဲ့လူမှုပတ်ဝန်းကျင်မှာ လတ်တလောဖြစ်ပွားသည့် ထိခိုကျဒဏ်ရာရသူမြား၊ သတိလစ် မူးမေ့သူများ၊ အရိုးကျိုးခြင်း၊ မြွေကိုက်လူနာပြုစုနည်း စတဲ့ပညာရပ်အသီးသီးကို စာတွေ့၊ လက်တွေ့ သင်ကြားရယူပြီးလို့ လူတစ်ယောက်ဆေးရုံမရောက်မီ အသက်ရှင်သန်ရေး ပြုစုတက်သူများပီပီ စေတနာထား၍ ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာသော ဌာနဆိုင်ရာများက သင်တန်းတွင်ထူးချွန်ဆုရရှိသော ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရ သင်တန်းသား၊ သင်တန်းသူ များအား ဆုများချီးမြှင့် ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)