ကျိုက်လတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇေယျက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေး၊ ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပွဲ ကျင်းပရခြင်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံနည်းစနစ်မှူး ဦးကျော်နိုင်ဦး ဆောင်၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘောလုံးကန်၍  ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင်ဗိုလ်မှူးရဲမင်၊ အဖွဲ့ဝင် ဦးစိန်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲတွင် အုပ်စု()ခုခွဲ၍ အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲပထမနေ့ပွဲစဉ်အဖြစ် အုပ်စု(ဂ)ရုံးဒေါင့်စခန်းအသင်းနှင့် ဆူးဂဏန်းစခန်းအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်