ကျိုက်လတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ကျိုက်လတ်    ဇန်နဝါရီ      ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ  ပူးပေါင်း၍ ယနေ့နံနက် ၈ အချိန်တွင် (၈)လမ်းမြို့မဈေး၊ အောင်မြင့်မိုရ်ဈေးနှင့် (၇)လမ်းတို့ တွင်   ပြုလုပ်ခဲ့ကြသည်။         

ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်သူ ၂၀၀ ကျော်ပြီဖြစ်၍ ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်း မပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန် ၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး  ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး  နှာခေါင်းစည်း Mask အခုရေ(၁၅၀၀ )ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်