ပျော်ဘွယ် ဖေဖော်ဝါရီ ၂
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ(Talk Show)သည် ကိုဗစ်-၁၉ ရောဂါအကြောင်းကို မိဘပြည်သူများ သိရှိစေရန်နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးပွဲကို ကျင်းပရာ မြို့နယ်ဦးစီးမှူး၊ ဒေါ်စန်းစန်းကြူက ယနေ့ အချိန်တွင် ကိုဗစ်-၁၉ ရောဂါကို ခံစားနေရသည့်ကာလဖြစ်ခြင်းကြောင့် လူမှုရေးအသင်းအနေဖြင့် ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အောက်ဆီဂျင်ရရှိရေးဆောင်ရွက်ခဲ့မှု အခြေအနေများစသည်တို့ကို မေးမြန်းဆွေးနွေး သည်။
အဆိုပါ မေးမြန်းဆွေးနွေးမှုများကို အလင်းရောင် လူမှုကူညီရေးအသင်းဉက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ရှင်းလင်းဆွေးနွေးရာ ကိုဗစ်-၁၉ ရောဂါကာလတွင် ရောဂါဖြစ်ပွားနေသည့် လူနာများကို ၎င်းတို့၏ နေအိမ်မှတဆင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ လိုက်လံပို့ဆောင်ပေးခဲ့မှု အခြေအနေများ၊ အောက်ဆီဂျင် တည်ဆောက်နိုင်ရေး တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံရာတွင်လည်း လိုအပ်သည့်လူအင်အား၊ မော်တော်ယာဉ်များအသုံးပြု၍ ကူညီဆောင် ရွက်ခဲ့မှုအခြေအနေများကို အကျယ်တဝန့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)