မိတ္ထီလာ၊ ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ၂၀၂၁ခုနှစ်အတွက် မိတ္ထီလာခရိုင်မှ ဓါတ်ပုံဆုနှင့် သတင်းပေးပို့ ဖော်ပြနိုင်မှုဆုများ ရရှိသည့်အတွက် ခရိုင်အတွက် ဂုဏ်ယူရပါကြောင်း၊ လာမည့်နှစ်တွင်လည်း ယခုလို ဆုများ ရရှိအောင် ကဏ္ဍအသီးသီးအလိုက် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လုပ်ငန်းများကိုလည်း သတ်မှတ်လျားထားချက်ထက် ကျော်လွန်ပြီး ဝန်ထမ်းများက ဆောင်ရွက်သွားကြပါရန် ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများကလည်း လုပ်ငန်းများ ဆောင်ရွက် သွားမည်အခြေအနေများကို ကဏ္ဍတစ်ခုချင်းစီအလိုက် တင်ပြခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)