လသာ ဖေဖော်ဝါရီ ၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ သံစျေး၊ သိမ်ကြီးစျေး(ဃ)ရုံ၊ သိမ်ကြီးစျေး(င)ရုံတို့တွင် ယနေ့ နံနက်ပိုင်းက ကုန်ခြောက် ဆိုင်များ၊ ကုန်စိမ်းနှင့် အသား ငါးစျေးဆိုင်များအား ပုံမှန်နေ့ရက်များအတိုင်း စျေးသည် စျေးဝယ်များနှင့် ဝယ်ယူရောင်းချ နေလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချနေမှုများကို မြိုနယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စျေးများဖွင့်လှစ်ရောင်းချမှု အခြေအနေကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ဆက်)