မော်လိုက်မြို့၌ တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ထောက်ခံပွဲကျင်းပပြုလုပ်

မော်လိုက် ဇန်နဝါရီ ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ စစ်မှန်သောဒီမိုကရေစီဖော်ဆောင်မည့် တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ထောက်ခံသည့် အနေဖြင့် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်ခံပွဲတွင် မော်လိုက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်နေပြည်သူ အင်အား(၂၀၀)ဦးခန့်က စုရပ်ဖြစ်သည့် မော်လိုက်မြို့ဂေါက်ကွင်းမှ စတင်၍ မြို့ပတ်လမ်း အတိုင်းလှည့်လည်ကာ မြို့လည်နာရီစင်အထိလည်းကောင်း၊ ထိုမှတစ်ဆင့် စုရပ်ဖြစ်သည့် ဂေါက်ကွင်းသို့ ငြိမ်းချမ်းစွာစီတန်းလည့်လည်ကြွေးကြော်ကာ ပြန်လည်ဝင်ရောက်ခဲ့ကြ သည်။

အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူများက “ပြည်ဖျက်တာ NUG၊ လူသတ်တာ NUG၊ လူသတ်၊ ပြည်ဖျက် PDF အလိုမရှိ၊ တပ်မတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို ကြိုဆိုပါသည်၊ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေး(ဒို့အရေး)၊ အမျိုးသား သစ္စာဖောက်များအား တိုက်ဖျက် ချေမှုန်းကြ၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ(ဒို့ရန်သူ)၊ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံပါသည်၊ လူသတ်အကြမ်းဖက် “PDF” (အလိုမရှိ)၊ ပြည်ပ အားကိုး “NUG” (အလိုမရှိ)၊ “CRPH” လက်ခံသူ (ဒို့ရန်သူ)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသလား (ထောက်ခံပါတယ်)၊ အိမ်စောင့်အစိုးရအဖွဲ့အား ထောက်ခံပါသလား(ထောက်ခံပါတယ်)၊ မြန်မာ့တပ်မတော်အား ထောက်ခံပါသလား(ထောက်ခံပါတယ်)၊ လူသတ်မိုင်းထောင် အကြမ်းဖက် PDF သမားများအား (ချေမှုန်းကြ)၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်စီးနေသော ပြည်ပသြဇာခံ CRPH၊ NUG (ကျဆုံးပါစေ)၊ အဆိုးမြင်ဝါဒီများ၊ သူတစ်ပါးပြည်တွင်းရေးကို ဝင်ရောက်နှောင်ယှက်သော ပြည်ပနိုင်ငံ အဖွဲ့အစည်းများအား(ဆန့်ကျင်ကြ)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား ထောက်ခံပါသည်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆောင်ရွက်ချက်များအား ထောက်ခံပါသည်” စသည့် ကြွေးကြော်သံပါ ဆိုင်းဘုတ်များကို ကိုင်ဆောင် ကာ စီတန်းလည့်လှည်ကြွေးကြော်ပြီး ထောက်ခံခဲ့ကြကြောင်းသိရသည်။

 

မော်လိုက်သားလေး