မိုးနဲ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၇ နာရီအချိန်က ကွန်နားကျေးရွာ မွေတော်ဘုရားစေတီနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၃၆၃) အမြှောက်တပ်ရင်းမှ တပ်နယ်မှူး ဦးဆောင်သော အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မွေတော်ဘုရားပတ်ဝန်းကျင်းတွင် ပေါက်ရောက်နေသော၊ ပေါင်းမြက်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီများပေါ်တွင် ပေါက်ရောက်နေသော ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အနေဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)