လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

လိပ်သို  ဖေဖော်ဝါရီ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့၏   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ပထမ(၆)လပတ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်  လုပ်ငန်းဆောင်ရွက်သော  လိပ်သိုမြို့ပေါ် အမှတ်(၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်း အနားအား   ယနေ့နံနက်(၁၀)နာရီ အချိန်က   ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင်  လိပ်သိုမြို့  ကက်သလစ်သာသနာ  ကျောင်းထိုင်ဘုန်းတော်ကြီး  Father  ဒံညေးလယ်  ကအဖွင့်  ဆုတောင်းကောင်းကြီးပေးခြင်း၊ လိပ်သို့မြို့အုပ်ချုပ်ရေးမှူး  ဦးစောမြကျော်မှ  အဖွင့်အမှာ စကားပြောကြားခြင်း၊  သံတောင်ကြီးမြို့နယ်  စည်ပင်တာဝန်ခံ  အင်ဂျင်နီယာ   ဦးကံချားမှ  လုပ်ငန်း ဆောင်ရွက်ရခြင်း၏   ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခြင်းနှင့်  မြို့မိမြို့ဖ  တစ်ဦးဖြစ်သော  ဦးရဲထွန်း မှ  ကျေးဇူးတင်စကား  ပြန်လည်ပြောကြားပေးခဲ့သည်။

ထို့နောက်   ကရင်ပြည်နယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်  ဦးစောဂျေဝင်းမြင့်၊ သံတောင်ကြီးမြို့နယ်  စည်ပင်အမှုဆောင် အရာရှိ ဦးဝေဖြိုးမောင်၊    လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြကျော်၊ မြို့နယ်မြေရဲစခန်းမှူးရဲလင်း  မြို့စည်ပင်တာဝန်ခံ ဒေါ်နော်နေဆိုး တို့က  အမှတ်(၂) ရပ်ကွက် လမ်းသွယ်(၂)  ကွန်ကရစ်လမ်းအား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါလမ်းမှာ   အလျား(၄၃၀)ပေ၊ အနံ  ၁၀ပေ၊ ထု (၆)လက်မရှိပြီး   ခွင့်ပြုရန်ပုံငွေ (၁၂.၈)သန်းဖြင့်  လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း  သိရ သည်။

မြို့ (ပြန်/ဆက်)