လက်ပံတန်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ (၇၅ )နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က လက်ပံတန်းမြို့ ၊မင်းရပ်ရပ်ကွက်၊ ဘုရားငါးဆူလမ်း၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးဝင်းစန်းက လမ်းဆောင်ရွက်မှုများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ကတ္တရာထပ်ပိုးလွှာခင်းလမ်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊စည်ပင်သာယာရေးကော်မတီဥက္ကဌဦးတင်စိုးရှိန်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယခုဖွင့်လှစ်သည့်လမ်းမှာ၂၀၂၁- ၂၀၂၂ခုဘဏ္ဍာရေးနှစ်(Mini Budge)ဖြင့် အရှည်ပေ (၃၆၅၀) ပေ၊လမ်းအကျယ်(၁၂)ပေ၊ ခွင့်ပြုငွေ(၁၇.၅၀၄)ကျပ်သန်းဖြင့် ဆောင်ရွက် ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)