မင်းလှမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

အထက်မင်းလှ  ဖေဖော်ဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅‌)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၁၀)နာရီက မင်းလှမြို့ဝင်တြိဂံလမ်းဆုံ‌၌ ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်(၂)နာရီတွင် ပြည်တော်သာလမ်း၊ ဇေယျာသီရိစျေးထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲကို မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်း၍  စိုက်ထူခဲ့သည်။ 

မင်းလှမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံခြင်း ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး၊ ခိုင်ဟိန်းဇော် ဆင်အကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)