နတ်မောက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့် က နတ်မောက်မြို့ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် အလှူငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအလှူငွေ ပေးအပ်ပွဲအခမ်းအနားကို နမောဒဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အလှူငွေ လှူဒါန်းရသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ရာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အလှူငွေပေးအပ် လှူဒါန်းခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ် ခဲ့ကြသည်။
ထို့နောက် ဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးထွန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးဥပ္ပလက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ရာ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဗုဒ္ဓသာသနံစိရံတိဋ္ဌထု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
လှဝင်း