မင်းလှ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

မင်းလှ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ဖေဖေါ်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့သည်။

အားကစားပြိုင်ပွဲများကို အမှတ်(၄) ရပ်ကွက်၊ လ.ဝ.က ရုံးဟောင်းမြေနေရာ၌ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲတို့ကိုကျင်းပခဲ့၍ ကြက်တောင်ကွင်းရုံ၌ ကြက်တောင်ရိုက်ပွဲ၊ ခြင်းအလှရုံ၌ ခြင်းအလှပြိုင်ပွဲ၊ မြို့နယ်ပြန်/ ဦးစီးဌာနရုံး၌ စစ်တုရင်ပြိုင်ပွဲ၊ မြို့နယ်အားကစားကွင်း၌ ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ကျင်းသွားမည်ဖြစ်ကြောင်း၊ ဆုရရှိသူများကို (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ